
မျက်မှောက်ကာလ အာရက္ခ ( Ar – rak – kha Today) အမည်ရှိ စာအုပ်ကို ၂၀၁၆ ဖေဖော်ဝါရီလ တွင် ပထမအကြိမ် စာအုပ်ရေ ၁၀၀၀ ထုတ်ဝေခဲ့ကြောင်း စာအုပ်ထဲရှိ ပုံနှိပ်မှတ်တမ်း အရ သိရပါသည်။
မျက်မှောက်ကာလ အာရက္ခ သည် ရခိုင်တို့၏ နောက်ဆုံး နန်းစိုက်ခဲ့သော မြောက်ဦးမြို့တော် ကျဆုံးချိန် ၁၇၈၅ ခုနှစ်မှ ယနေ့ ကာလာအထိ ဖြစ်ကြောင်းကို အစချီကာရေးသားထားပြီး လက်ရှိအမြင်ခံစားချက်တွေကို မျှဝေခြင်းသာဖြစ်သည်ဟု စာအုပ်၏နိဂုံးချုပ်တွင် ဖော်ပြထားပါသည်။
